
ဆုတောင်းချိန်၌ စကားလုံးမဲ့ခြင်း
မွေးကင်းစမောင်လေး ခွဲစိတ်ခန်းဝင်ရသောအခါ ကျွန်မစိတ်ပူပန်ခဲ့ရသည်။ ‘Tongue-tied’ (ankyloglossia - တင်းကြပ်နေသာတစ်ရှူးများကြောင့် လျှာထိပ်နှင့် ပါးစပ်ကြမ်းပြင်ကြား ချုပ်နှောင်ထားသကဲ့သို့ ဖြစ်နေခြင်း) ဆိုသည့် မွေးရာပါ လျှာဖွဲ့စည်းပုံချို့ယွင်းသော ရောဂါကြောင့် အကူအညီမပါလျှင် စားသောက်ခြင်း၊ စကားပြောဆိုခြင်းများ ဖြည်းဖြည်းချင်း နှောင့်နှေးသွားနိုင်သည်။ ယခုခေတ်တွင် ‘tongue-tied’ ဆိုသည့် အသုံးအနှုန်းကို ပြောစရာစကားလုံး ရှာမတွေ့သော အခါမျိုး သို့မဟုတ် စကားပြောရန် ရှက်နေသောအချိန်မျိုးတွင် သုံးလေ့ရှိသည်။
တစ်ခါတစ်ရံ ကျွန်မတို့ဆုတောင်းသောအခါ လျှာအချုပ်ခံထားရသကဲ့သို့ ဘာပြောရမှန်းမသိ ဖြစ်တတ်သည်။ ဝိညာဉ်စာစုများ၊ အဖန်တစ်ရာထပ်နေသော စကားလုံးများနှင့် မိမိခံစားချက်များကို လေးမြှားကဲ့သို့ ကောင်းကင်ဘုံသို့ ပစ်ခွင်းပြီး ဆုတောင်းလျှင် ဘုရားသခင်နားညောင်းမည်ဟု ကျွန်မတို့ထင်မှတ်လျက် အတွေးများက ဦးတည်ရာမဲ့လမ်းကြောင်းပေါ်၌ ကွေ့ကောက် ပြေးလွှားနေသည်။
တမန်တော်ရှင်ပေါလုသည် ပထမရာစုနှစ်က ခရစ်တော်ကိုယုံကြည်သော ရောမလူမျိုးများထံ စာရေးကာ မည်သို့ဆုတောင်းရမှန်းမသိ ဖြစ်နေပါက သန့်ရှင်းသောဝိညာဉ်တော်ထံမှ မစမှုတောင်းရန် ပြောခဲ့သည်။…

လုံခြုံသောလက်တော်
Doug Merkey (ဒါ့ဂ်မာကီ)၏ အသက်တာသည် ပြေလျော့နေသောကြိုးကဲ့သို့ပင် တစ်မျှင်ချင်း ကျိုးပဲ့လျက်ရှိနေသည်။ “အချိန်အတော်ကြာ တွန်းလှန်ခဲ့ရတဲ့ ကင်ဆာတိုက်ပွဲမှာ ငါ့အမေရှုံးနိမ့်ခဲ့တယ်။ ကြည်နူးစရာကောင်းခဲ့တဲ့ ရေရှည် အချစ်ရေးက အဆင်မပြေတော့ပါ။ ငါ့ငွေလည်း ကုန်ပြီ။ အသက်မွေးဝမ်းကြောင်းခရီးက မှုန်ဝါးနေတယ်။ ခံစားမှုပိုင်းနဲ့စိတ်ဝိညာဉ်ပိုင်းမှာ အမှောင်ထုက လွှမ်းမိုးနေပြီး အားအင်မဲ့လို့ နားမလည်နိုင်လောက်အောင် ဖြစ်နေတယ်”ဟု သင်းအုပ် ဆရာနှင့် ပန်းပုဆရာလည်းဖြစ်သူ ဒါ့ဂ်က ရေးသားခဲ့သည်။ ထိုအခြေအနေများနှင့် ကျဉ်းမြောင်းသောထပ်ခိုး၌ နေခဲ့ရသည့်အဖြစ်များက ‘The Hiding Place’ (ပုန်းခိုရာ) ဟူသည့် ပန်းပုလက်ရာကို ပေါ်ထွက်လာစေသည့် အခြေခံအကြောင်းတရားများဖြစ်သည်။ သံမှိုနှင့်အရိုက်ခံထားရကာ ခွက်ပုံစံလှစ်ဟထားသည့် ခရစ်တော်၏ လက်တော်ပန်းပုလက်ရာကို ခိုင်မာလုံခြုံသောနေရာအဖြစ် ဖော်ကျူးထားသည်။
ဒါ့ဂ်က သူ့လက်ရာဒီဇိုင်းနှင့်စပ်လျဥ်း၍ “ဒီပန်းပုဟာ ခရစ်တော်က သူ့ထံ လာရောက်ခိုလှုံဖို့ ဖိတ်ခေါ်နေခြင်းဖြစ်တယ်”ဟု ရှင်းပြသည်။ ဆာလံကျမ်း ၃၂ တွင် ဒါဝိဒ်သည် ဘုရားသခင်၌…

မတုန်မလှုပ်သောယုံကြည်ခြင်း
ကီဗင်သည် သူ့ဖခင်ဆုံးသွားသောအခါ အဖေ၏ပစ္စည်းများကို သိမ်းဆည်းရန် ဘိုးဘွားရိပ်သာသို့ ရောက်လာခဲ့သည်။ ဝန်ထမ်းတစ်ယောက်က သူ့အား သေတ္တာလေးနှစ်ခုသာပေးခဲ့သည်။ ပျော်ရွှင်ရန်အတွက် ပိုင်ဆိုင်မှု ဥစ္စာပစ္စည်း များများစားစား မလိုအပ်ကြောင်းကို ထိုနေ့တွင် သူသဘောပေါက်ခဲ့သည်။
သူ၏ဖခင်လယ်ရီသည် ပူပင်ကြောင့်ကြမှုကင်းပြီး အမြဲတစေပြုံးနေတတ်ကာ သူတစ်ပါးအတွက် အားပေးစကားပြောနေတတ်သည်။ ထိုသို့ပျော်ရွှင်ရ သည့် အကြောင်းအရင်းမှာ လောကစံနှုန်းသေတ္တာ၌ မဝင်ဆံ့သည့် ‘ပိုင်ဆိုင်မှု’ တစ်ခုကြောင့်ဖြစ်သည်။ ၎င်းမှာ သူ့ကိုရွေးနှုတ်တော်မူသော ယေရှုခရစ်တော်၌ရှိသည့် မတုန်မလှုပ်သောယုံကြည်ခြင်းပင်ဖြစ်သည်။
ယေရှုက “ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ဆည်းဖူးကြလော့” ဟုမိန့်မှာသည် (မ ၆:၂၀)။ ကျွန်ုပ်တို့ကို အိမ်မပိုင်ရ၊ ကားမဝယ်ရ၊ ရှေ့ရေးအတွက် မစုဆောင်းရ၊ ပစ္စည်းဥစ္စာများများ မပိုင်ဆိုင်ရဟု သခင် မပြောဘဲ ကျွန်ုပ်တို့၏နှလုံးသားက မည်သည့်အရာ၌ အာရုံပြုသည်ကို ဆန်းစစ်ရန် ပြောထားသည်။ လယ်ရီ၏ မျက်မှောက်ပြုရာသည် အဘယ်မှာရှိပါသနည်း။ အခြားသူများအပေါ် မေတ္တာထားခြင်းဖြင့် ဘုရားသခင်ကို ချစ်ခြင်း၌…

ဘုရားသခင်ထံတော်မှခွန်အား
၁၉၂၅ ခုနှစ်တွင် စာရေးဆရာဖြစ်လာရန် ဆန္ဒပြင်းပြနေသော Langston Hughes (လန်စတန်ဟရုစ်)သည် ဟိုတယ်တစ်ခု၌ သန့်ရှင်းရေးသမားအဖြစ် လုပ်ကိုင်စဥ် သူလေးစားရသောကဗျာဆရာ Vachel Lindsey (ဗာချယ်လင်းစီ) ထိုဟိုတယ်တွင်တည်းခိုကြောင်း သိခဲ့ရသည်။ ဟရုစ်သည် ရှက်ရှက်နှင့်ပင် သူရေးထားသော ကဗျာကို လင်းစီအား ရွတ်ပြမိခဲ့ပြီး ထိုကဗျာကို လင်းစီက စာပေဟောပြောပွဲတစ်ခုတွင် ကျေနပ်အားရစွာ ချီးမွမ်းခဲ့သည်။ လင်းစီ၏ ချီးမွမ်းအားပေးမှု၏ရလဒ်အဖြစ် ဟရုစ် သည် တက္ကသိုလ်တစ်ခုမှ ပညာသင်ဆုရရှိခဲ့ပြီး ထိုမှတစ်ဆင့် စာရေးခြင်းဖြင့် အသက်မွေးကာ အောင်မြင်သောလမ်းခရီးကို လျှောက်လှမ်းနိုင်ခဲ့သည်။
အထူးသဖြင့် ဘုရားသခင်အတူပါရှိလျှင် သေးငယ်သောအားပေးစကားပင်လျှင် များစွာခရီးပေါက်နိုင်သည်။ သမ္မာကျမ်းစာ၌ပါရှိသည့် ရှောလုမင်းက ဒါဝိဒ်အား သတ်ရန် ကြံစည်သည့်အဖြစ်အပျက်တွင် ရှောလု၏သား ယောနသန်သည် ဒါဝိဒ်ကိုရှာပြီး ဘုရားသခင်၌ ခိုလှုံအားကြီးစေရန် မစခဲ့သည်။ သူက “မစိုးရိမ်နှင့်။ သင်သည် ကျွန်ုပ်အဘရှောလု၏လက်မှလွတ်၍ ဣသရေလရှင်ဘုရင် ဖြစ်လိမ့်မည်” ဟုပြောခဲ့သည်…

ဆုကျေးဇူးကိုအသုံးချခြင်း
၂၀၁၃ ခုနှစ်က ဗြိတိသျှသရုပ်ဆောင် David Suchet (ဒေးဗစ်ဆူရှေး)သည်စာရေးဆရာမ Agatha Christie (အဂ္ဂါသာခရစ်စတီ)၏ ဘလ်ဂျီယန်စုံထောက် ‘Hercule Poirot (ဟာကျူလီပွိုင်ရော့)’ ရုပ်ရှင်စီးရီးတွင် သရုပ်ဆောင်နေစဉ် စင်တင်ပြဇာတ်တစ်ခုတွင်လည်း ‘သူ့ဘဝ၏ အကြီးမားဆုံးဇာတ်ကောင်’ နေရာတွင် သရုပ်ဆောင်နေခဲ့သည်။ ထိုအလုပ်များကြားတွင်ပင် ကမ္ဘာဦးကျမ်းမှ ဗျာဒိတ်ကျမ်းအထိ စာလုံးပေါင်း (၇၅၂,၇၀၂) ကို နာရီ (၂၀၀) ကျော်ကြာအောင် ကျမ်းစာတစ်အုပ်လုံးကို အသံသွင်းခဲ့သည်။
ဟိုတယ်ခန်းတွင်း သူတွေ့ခဲ့သည့် သမ္မာကျမ်းစာမှ ရောမဩဝါဒစာကို ဖတ်မိပြီး ယုံကြည်သူဖြစ်လာသောသူ ဆူရှေးက “ဒီအလုပ်က ကျွန်တော်ရဲ့ (၂၇)နှစ်ကြာ ရည်မှန်းချက်ဖြစ်ပြီး အရမ်းအားရမိပါတယ်။ အသေးစိတ်ကို လေ့လာပြုစုခဲ့ပြီး အလွန်စိတ်လှုပ်ရှားခဲ့ရပါတယ်” ဟုပြောသည်။ ထို့နောက်တွင် သူရသမျှ အခကြေးငွေများကိုလည်း လှူဒါန်းခဲ့သေးသည်။
သူ့အသံဖမ်းမှတ်တမ်းသည် မိမိဆုကျေးဇူးကို အသုံးပြုပြီး ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေခြင်း၊ ထို့နောက် မျှဝေခြင်း၏စံနမူနာဖြစ်သည်။ ဆုကျေးဇူး…